ဘဝ
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။
ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါ ဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တစ်ခဏမှ ၁၃၇၁ ခုနှစ် တစ်ခဏသို့ ကူးပြောင်းခြင်း အမှတ်တရအဖြစ် တစ်ခဏခရီးသည် ကဗျာကို ရေးဖွဲ့ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း ကိုယ်ချမ်းသာ စိတ်ကျန်းမာကြပါစေ။
နေရရင် တစ်ခဏပါပဲ။
ဆင်းရဲလည်း တစ်ခဏ။
ချမ်းသာလည်း တစ်ခဏပဲ။
တစ်ခဏဆိုတဲ့ တစ်ခဏအတွင်း
ကြုံတွေ့တဲ့အာရုံကိုဇွတ်ဆင်းလို့
လွတ်ကွင်းကို မရှာ
ရေစုန်မှာမျောနေခဲ့တာ
တို့တွေ ကြာခဲ့ပါပြီလေ။
ခုလည်း
တစ်ခဏမှ တစ်ခဏသို့
ခဏအတွင်း သက်ဆင်းသွားပြန်ပြီ။
နင် ဘယ်မှာလည်း
ငါ ဘယ်မှာလည်း၊
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
မြန်မာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ် တစ်ခဏမှ ၁၃၇၁ ခုနှစ် တစ်ခဏသို့ ကူးပြောင်းခြင်း အမှတ်တရအဖြစ် တစ်ခဏခရီးသည် ကဗျာကို ရေးဖွဲ့ပါသည်။
အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း ကိုယ်ချမ်းသာ စိတ်ကျန်းမာကြပါစေ။




3 ၊ ဓမ္မဒါနပြုပါသည်။:
သံသရာ ၀ဲထဲမှာ
မြုပ်ချည် ၁၀ ခါ၊ ပေါ်ချည် တစ်လှည့်
မြင်ကြည့်လှည့်စမ်းပါ။
အမှန်တွေပါပဲ ကိုသုခ ရိပ်ရေ
"တစ်ခဏခရီးသည်"
ပါပဲ
ချစ်ချစ်ခင်ခင် နေကြတာကောင်းပါတယ်
ထပ်လာဖတ်တယ်
ကောင်းလို့
ဒီဘ၀အတွက်
ဒီခဏလေးတွေ အတွင်းမှာပဲ
ကိုယ့်ဘ၀ကိုယ်ရှာ၊
ကိုယ့်နေရာက ဘယ်မှာလဲ ...
လူ ဖြစ်လာတာ ဘာအတွက်လဲ ....။
သုခရိပ်ရေ
တန်ဘိုးရှိလိုက်တာ
လူတွေဟာ အပုပ်ကောင် ရုပ်ဆောင်နေကြတာပါပဲ
ခရီးတိုလွန်းပါတယ်လေ
ဝိပဿနာ တရားအားထုတ်နိုင်ရင်
အကောင်းဆုံးပါပဲ
မိတ်ဆွေ ၊ ရန်သူ ၊ အားလုံးကို မေတ္တာပို့ပါတယ်
Post a Comment